တို့တတ်နိုင်တာ ဒါပဲရှိတော့တယ်။ သွားတဲ့သူက သွားနှင့်ပြီ။ အကြွေစောတဲ့ ကြယ်ပွင့်တွေ ပင်လယ်နဲ့ အပြည့်ရှိနေပါတယ်။ အဲဒီထဲကို အလင်းဆုံးတာရာတစ်စင်းလည်း ပူးပေါင်းသွားခဲ့ ပြန်ပြီ။ ဒါပေမယ့် ဒီတာရာမရှိရင် တို့ကောင်းကင်မှာ ဘယ်တော့မှ နက္ခတ်တွေ စုံတော့မှာ မဟုတ်ဘူး။ အစားလည်း မရနိုင်တော့ဘူး။ သူ့အလင်းတွေကို ရေတွက်ကြလို့ မပြီးခင်မှာပဲ အမှောင်တွေနဲ့ အစားထိုးပေးလိုက်ပြန်တယ်။ သူ့သတင်းတွေ ကြားချင်နေတုန်းမှာပဲ တင်းတိမ်ပေးလိုက်ရပြန်တယ်။ အထိမ်းအမှတ်နဲ့ ထိုက်တန်လွန်းတဲ့ တာရာတစ်စင်းအတွက် ကောင်းခြင်းတွေပဲရအောင် တို့ဆုတောင်းကြမယ်။ သူ့အကူအညီတွေနဲ့ လှပခဲ့တဲ့ စကားလုံးတွေကို သူ့ကိုနှုတ်ဆက်ဖို့ပဲ သုံးကြရအောင်။ တို့ငိုတဲ့ စာသားတွေ၊ ကဗျာတွေ၊ လေပြေတွေကြောင့် သူငြိမ်းချမ်းစေသား။ တို့တတ်နိုင်တာ ဒါပဲရှိတော့တယ်။ တို့အားလုံး တစ်ခွန်းလောက်တော့ လွမ်းကြစို့ရဲ့။
(မအားတဲ့ကြားက ခုလိုတင်နိုင်အောင် ကူညီရေးသားပေးတဲ့ မောင်ပွတ်ကို ကျေးဇူးတင်ပါတယ်)
လှပပြေပြစ်တဲ့ စကားလုံးအတွဲအဆက်တွေရဲ့ အရှင်သခင် …
ReplyDeleteလူငယ်တွေရဲ့စိတ်ထဲကို ထွင်းဖောက်ဝင်ကြည့် စိတ်ဝိဥာဉ်တစ်ခုလုံးမှာ အနုပညာအတိပြီးတဲ့
ကျွန်တော်လေးစားအားကျခဲ့ရတဲ့ စာရေးဆရာ …
အစ်ကိုရေ …
အစ်ကိုတူးဖော်ခဲ့တဲ့ မြေစိုင်မြေခဲတွေကို ဖက်တွယ်ရင်း …
အစ်ကို ရေးလို့မပြီးခဲ့တဲ့ ကျောက်ထွင်းရာဇ၀င်ကို ကျွန်တော်တို့ဆက်ထွင်းမယ် …
မိုးခေါင်နေတဲ့လောကမှာ အစ်ကို့ကိုယ်စားကျွန်တော်တို့ ဗုံတွေဆက်တီးမယ်ဗျာ …။
ခုလိုမျိုး အမှတ်တယ စာမျက်နှာလေး တစ်ခု ဖန်တီးပေးသူများကို ကျေးဇူးတင်ပါတယ်
ReplyDeletethe only thing we can do is pray for him ,for his next life..........once he died as shwe phone lu ,he's coming back to the earth by a wizard of words taryar min wai,now he's died as taryar min wai..........who will know how he will coming back to us??? ,as a leader ???or as a great artist or ????
ReplyDeleteThis is such a great loss to us. I am really sorry about that. I am big fan of him. His words, his poems, his ideas, and his stories will never die.
ReplyDeleteအစ်ကို့စာတွေကဗျာတွေ ဖတ်ရင်း အားကျပြီး စာတွေ၊ ကဗျာတွေ ပိုရေးဖြစ်ခဲ့တာ။
ReplyDeleteတာရာမင်းဝေဆိုတာ ကျွန်တော့်အတွက်တော့ သာမန်ကြယ်တစ်လုံးမဟုတ်ပါဘူး။ ဓူဝံကြယ်တစ်လုံးပါ။
အစ်ကို သေဆုံးသွားပေမယ့် အစ်ကို့အနုပညာကတော့ ကျွန်တော်တို့နဲ့အတူ အမြဲရှိနေဦးမှာပါ။
အစ်ကို ဆုံးပြီဆိုတာ အသေအချာ သိရတဲ့ညကတော့ ကောင်းကင်ကို ပြန် ပြန်တည့်ရတာ မောတယ်ဗျာ...။
မှာ Link ပေးခွင့်ပြုပါနော်
ReplyDeleteYou always bright in our hearts
ReplyDeleteတာရာ မင်းဝေ ကွယ်လွန် ခဲ့ တာ လာမဲ့ ဩဂတ်စ် ငါး ရက်နေ့ မှာ နှစ် နှစ် ပြည့် မှာပါ ၊ အမှတ်တရ အ ဖြစ် စာအုပ်ငယ် လေး တစ် အုပ် ထုပ်ဝေ ဖို့် ကြိုးစား စီစဉ် နေပါ တယ်၊
ReplyDeleteသူ့ အကြောင်း အကျဉ်းချုပ်၊ သူ့ ကဗျာ တစ်ချို့၊ ဈာပန မှတ်တမ်း ပုံ များ နဲ့ သူ့ကို ချစ်သူ၊ လေးစားသူ၊ စာပေလောက နဲ့ နိုင်ငံရေး နယ် များက မိတ်ဆွေ များ၊ သူ့ ရဲ့ ပရိသတ် များ၊ ရေးသား တဲ့ အမှတ်တရ ဆောင်းပါး၊ ကဗျာ၊ စာတမ်း များ ပါဝင် ပါလိမ့် မယ်၊ မိုးမခ အုပ်စု မှ ကိုမောင်ရစ် နဲ့ ဝိုင်းတော်သား များက စာအုပ်ကလေး ဖြစ်အောင် ဖွဲ့ဆည်း ပေးကြမှာပါ၊
တာရာ မင်းဝေ (သို့မဟုတ်) ရွှေဖုန်းလူ ကို ခင်တဲ့၊ သိတဲ့၊ွ တစ်ယောက် အနေ နဲ့ အမှတ်တရ ပါဝင်ရေးသား ဖို့ ဖိတ်ခေါ်ပါတယ်၊
ရေးပေး နိုင်မယ် ဆိုရင် ဂျူလိုင် လ ၁၅ ရက် နောက်ဆုံး ထားပြီး ပေးပို့ စေချင်ပါတယ်၊ ဇော်ဂျီ ဖောင့် နဲ့ ရိုက်ပေး ရင် စာအုပ် ပြင်ဆင် ရတာ ပိုပြီး မြန်ဆန်မှာပါ၊ အကြောင်း ကြောင်း ကြောင့် မရေး ပေးနိုင်ရင်လဲ နားလည် ပေးနိုင်ပါတယ်၊
လေးစားစွာ
အောင်ဒင်
ဂျူလိုင် ၅၊ ၂၀၀၉