သံချေးတစ်ထပ် ရွှံတစ်ထပ်မို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်း ဘယ်လိုမှ ဖတ်လို့ ရမှာ မဟုတ်ဘူး။
အာငွေ့မှုတ်သံတွေ ကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် အိပ်ပစ်လိုက်ကွယ်..
ချစ်သူရေ
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ ဂီတပါပဲ။
စစ်တုရင် တစ်ပွဲလုံးကို
ဆွဲမှောက် ခံလိုက်ရပေမယ့်
..
ဘာဖြစ်လဲ
ဝမ်းမနည်းကြေး
တို့တွေ ရွာသွန်းကြရုံပေါ့။
ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ။
တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ
Wednesday, August 8, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment