Wednesday, August 8, 2007

အနောက်တောင်

ကြာတော့လည်း
မိုးချုန်းပြရတာ ရှက်လာပြီ

ဆောင်းရေ
ကဝေအလင်းတွေ လွှင့်ထုတ်ပြီး
ငါ့ရင်ထဲက မိုးတိမ်တွေကို
ခုတ်ချပေးပါ

ငါ
နှင်းစက်တွေနဲ့ ခုံးဝန်းချင်တဲ့ကောင်
ကုလားအုပ်ကြီးယောင်ဆောင်ပြီး
ကန္တာရအထိ တွားသွားပြမယ်လေ။


တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

No comments:

Post a Comment