ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက်ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရရာ ထစ်ချုန်းပြတ်တောက်ကျနေခဲ့
နှုတ်မဆက်မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါဖျော့ဖျော့နဲ့ ဂူသင်္ချိုင်းဆန်လာ
ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး
ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို၊ ပင်လယ်လို အက္ခရာတစ်လုံးနဲ့
ငါတို့ဆက် "ချစ်" နေကြဦးမယ်
မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါ့တို့ကို အပွင့်ခူးချိန်
ရထားဟာ
လောက လူရိုင်းရဲ့မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့။
တာရာမင်းဝေ
Sunday, August 5, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment