Monday, August 6, 2007

စိတ်ပျက်လက်ပျက်

ကျွန်တော်ကပြောတော့ ..
.. .. ချစ်သူကရယ်တယ်။

ကိုယ်သာ
သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ် ..။

စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ .. လို့။

စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှူတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။

တာရာမင်းဝေ

No comments:

Post a Comment