Wednesday, August 8, 2007

နိုဝင်ဘာ

ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ၀တ်ဆင်ထားတဲ့ မိန်းမ။
မြူခိုး နီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့ ... လှလို့။

ငါ.. တစ်ပွင့်ပြီး တစ်ပွင့်ပြီး တစ်ပွင့် ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။

တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

No comments:

Post a Comment