Tuesday, August 7, 2007

လွမ်းဆွတ်ကြယ်

" ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် " တဲ့ ။

သူ့ကိုယ်သူ နှိမ့်ချ
မြေကြီးရဲ့ သင်္ကေတနဲ့
အနုပညာကို ပန်းလိုမွှေးမြစေခဲ့တယ်
လူငယ်တစ်ယောက်ကရေးတဲ့ ကျောက်ထွင်းရာဇ၀င်တွေ
ကျွန်တော်တို့ရင်အုံကို တည့်တည့်ပစ်ပေါက်လို့
ချစ်သူကို နှလုံးသားအသစ်နဲ့ ချစ်ကြည့်ဖို့
ဘ၀ကို ရှုထောင့်အသစ်နဲ့ ချဉ်းကပ်ဖို့
လောကကို မြတ်နိုးခြင်းသက်သက်နဲ့ စောင့်ရှောက်ဖို့
သူ့ ရဲ့ အနုပညာ ပေါင်းချောင်လေးထဲမှာ
လောကပါလတရားကို စီကုံးရေးဖွဲ့
လေညင်းလေးလို တသွဲ့ သွဲ့ တိုက်ခတ်ခဲ့တယ်
အဲဒီ ..ကြယ်ကလေးတစ်လုံးပေါ့
အုံ့ပျမှောင်ရီ လောကဓံထစ်ချုန်းမှာ
ကျွန်တော်တို့နှလုံးသားတွေ လင်းပွင့်ပျိုမြစ်ဖို့
သူရဲ့ အနုပညာပုခုန်းအားနဲ့ ထမ်းတင်ပေးနေဆဲ
ခရီးတစ်ခုကို ထွက်ခွာသွားခဲ့ရပြီ
နှလုံးသားရှိလို့ ကျွန်တော်တို့ လွမ်းဆွတ်ရ
နှလုံးသားရှိလို့ ကျွန်တော်တို့ ကြေကွဲရ
နှလုံးသားရှိလို့ ကျွန်တော်တို့ နှမျောတမ်းတရ
အစ်ကိုရေ..
လွမ်းဆွတ်ကြယ်ကလေးက ပေးတဲ့အလင်းရာင်မှာ
အောက်မေ့သတိရခြင်းတွေ ထပ်ပေါင်းလို့
အစ်ကို ကောင်းရာသုဂတိရောက်ပါစေဗျာ.. ။

ညိမ်းညို

2 comments:

  1. "တစ်ကိုယ်ရေစိန်ခေါ်ခြင်း"

    စကားလုံးတွေကို ကခိုင်းဖို့ဆိုတာ
    မှော်ဆရာတောင် မစွမ်းနိုင်ဘူး။

    မနေ့ကတွေသာ restoreပြန်ခေါ်ရရင်
    ပြန်ခေါ်လိုက်ချင်ရဲ့ ...
    အဲဒီမှာ....
    အဗရာဟယ်လင်ကွန်းပါတယ်၊
    အဲဒီမှာ ....
    ဗီသိုဗင်ပါတယ်၊
    အဲဒီမှာ ....
    ရိုဒင်နဲ့ ပီကာဆိုပါတယ်၊
    အဲဒီမှာ ....
    ဗိုလ်ချုပ်အောင်ဆန်ပါတယ်၊
    အဲဒီမှာ ....
    ဆရာကြီးဦးဖေမောင်တင် နဲ့ ပျဉ်းမငုတ်တို
    အလွမ်းတွေ ပါတယ်၊
    အဲဒီမှာ ....
    သပြေညိုအလှနဲ့ အနီရောင်မျိုးဆက်တွေ
    ကခုံနေတာပါတယ်၊
    အဲဒီမှာ ....
    သျှင်မဟာသီလ၀ံသက အစ
    ဒီကနေ့ကြယ်ပွင့်တွေပါတယ်။
    အဲဒီမှာ ....
    တာရာမင်းဝေပါတယ်၊

    အဲဒီမှာ ....
    အခုတော့ ငါမသိတဲ့ အဆိပ်နဲ့
    ငါတို့ စိတ်ကူးတွေကို သတ်ပစ်ကြ၊

    ဟော သင်္ခ်ါရတောတန်းတစ်နေရာမှာ
    ကြယ်တစ်ပွင့် ကြွေသွားပြန်ပေါ့၊

    မှော်ဝင်ဆရာမရေ...
    အလွမ်းဇာတ်သိမ်းရတဲ့ ဘ၀မှာ
    မင်းပစ်ချင်တဲ့ မြှားနဲ့ပစ်စမ်း
    ဒီမှာ....
    ကောင်းကင်ရင်ဘတ်ကြီး ဟင်းလင်းပွင့်လို့။ ။

    ကေတီဦး

    ReplyDelete
  2. စကားလုံးတွေကို ကခိုင်းဖို့ဆိုတာ
    မှော်ဆရာတောင် မစွမ်းနိုင်ဘူး။

    မနေ့ကတွေသာ restoreပြန်ခေါ်ရရင်
    ပြန်ခေါ်လိုက်ချင်ရဲ့ ...
    အဲဒီမှာ....
    အဗရာဟယ်လင်ကွန်းပါတယ်၊
    အဲဒီမှာ ....
    ဗီသိုဗင်ပါတယ်၊
    အဲဒီမှာ ....
    ရိုဒင်နဲ့ ပီကာဆိုပါတယ်၊
    အဲဒီမှာ ....
    ဗိုလ်ချုပ်အောင်ဆန်ပါတယ်၊
    အဲဒီမှာ ....
    ဆရာကြီးဦးဖေမောင်တင် နဲ့ ပျဉ်းမငုတ်တို
    အလွမ်းတွေ ပါတယ်၊
    အဲဒီမှာ ....
    သပြေညိုအလှနဲ့ အနီရောင်မျိုးဆက်တွေ
    ကခုံနေတာပါတယ်၊
    အဲဒီမှာ ....
    သျှင်မဟာသီလ၀ံသက အစ
    ဒီကနေ့ကြယ်ပွင့်တွေပါတယ်။
    အဲဒီမှာ ....
    တာရာမင်းဝေပါတယ်၊

    အဲဒီမှာ ....
    အခုတော့ ငါမသိတဲ့ အဆိပ်နဲ့
    ငါတို့ စိတ်ကူးတွေကို သတ်ပစ်ကြ၊

    ဟော သင်္ခ်ါရတောတန်းတစ်နေရာမှာ
    ကြယ်တစ်ပွင့် ကြွေသွားပြန်ပေါ့၊

    မှော်ဝင်ဆရာမရေ...
    အလွမ်းဇာတ်သိမ်းရတဲ့ ဘ၀မှာ
    မင်းပစ်ချင်တဲ့ မြှားနဲ့ပစ်စမ်း
    ဒီမှာ....
    ကောင်းကင်ရင်ဘတ်ကြီး ဟင်းလင်းပွင့်လို့။ ။

    ကေတီဦး

    ReplyDelete