Sunday, August 5, 2007

နာကျဉ်နေတဲ့ စကားလုံးများ

မိုးရွာလို့ ကြွေတဲ့စကားလုံးတွေ
အခုတော့ ပြိုင်မျဉ်းတွေရဲ့ ခွာသံမှာလည်း
ကြေးသွန်းယဉ်ကျေးမှုတွေ ပါမလာတော့ဘူး။
လောကရဲ့မာယာတွေကို ဗုံတွေလိုတီးသွားခဲ့တာများလား
တယ်လီဖုန်းသံတွေကြားတာတောင်မှ ပြန်မထူးတော့ဘူးတဲ့လား
မိုးတိမ်ကြီးထဲမှာ ခြေပစ်လက်ပစ်ဝင်သား ၀င်အိပ်လို့သွားပြီပေါ့ ..
လွမ်းမိမယ် အစ်ကိုရေ .. ။
ဘယ်တော့မှ မြင်တွေ့နိုင်တော့မှာမဟုတ်တဲ့
စကားလုံးလှလှလေးတွေကိုလွမ်းမိမယ် .. ။
စာရေးဆရာတစ်ယောက် ..
ကဗျာဆရာတစ်ယောက် ..
လောကရဲ့အမြင်တွေကို လှစ်ဟပြခဲ့သူတစ်ယောက်
ကျွန်တော့်ဦးခေါင်းငိုက်စိုက်ချထား
ညများစွာ ပိုမှောင်လို့သွားပေါ့ဗျာ .. ။ ။
ကိုဖြိုး

3 comments:

  1. နေမိုးကြယ်August 23, 2007 at 9:35 AM

    အသီးကိုထောက်၍ အပင်၏သဘောကိုသိရ၏။
    ကောင်းသောအသီးကို သီးသောအပင်သည်ကား
    မကောင်းသောအပင်မဟုတ်….။ (ရှင်လုကာကျမ်း)

    ကိုမင်းဝေရဲ့အတွေးအခေါ် နဲ့လုပ်ရပ်တွေက သူ ‘ဘာလဲ’ ဆိုတာပြောပြသွားပါတယ်။
    သူ့ကဗျာ ၊ သူ့စာတွေ ဟာ သူ့သမိုင်းကို ရည်ညွှန်းနေတာဖြစ်လို့..
    ညီငယ်တစ်ယောက်အနေနဲ့ လေးစားဂုဏ်ယူမိပါတယ်။
    သူ နောက်ဆုံးရေးသွားတဲ့ ကဗျာထဲကလိုပေါ့….
    ‘ရေထဲကို ခဲကျသွားတာလဲ ဖြစ်နိုင်တယ်..၊
    ရေထဲက ငါးခုန်တက်လာတာလဲ ဖြစ်နိုင်တယ်..’
    ‘ပလုံ’ ဆိုတဲ့ အသံလေးကိုတော့ ကြားလိုက်မိပါရဲ့….။

    ဓါးစစ်သွေး

    ReplyDelete
  2. အနုပညာအား အရမ်းကောင်းတဲ့ ... တာရာမင်းဝေ
    အဖြစ်နဲ့ လူငယ်တွေရဲ့ ..နှလုံးသားထဲထိ နေရာယူနိုင်
    ခဲ့တဲ့ ကိုရွှေဘုန်း

    ခင်ဗျားမရှိတော့တဲ့ နောက်ပိုင်း...ကျွန်တော်ဝထ္ထုမဖတ်
    ဖြစ်တော့ဘူးဗျာ

    ကောင်လေး

    ReplyDelete
  3. ဆရာ့ တာရာမင်းဝေ ကို ကျွန်တော် သိတဲ့လိုက်တာ က..အရှေ့  မြို့  ရိုးမှာ မိုးတွေ ရွာနေတုန်းကပါ....
    ဧဒင် ကချေသည် ကိုမှ အစိမ်းရောင် ကြက်ခြေခတ် ဖိနပ်လေးစီးပေချင်တဲ့ ကျွန်တော်....အရုပ်မြို့ တော်မှာ အကိုနဲ့ လွဲခဲ့ဖူးတယ်....မော်ဆရာ ရဲ့ ကျောင်းစာအုပ်နဲ့ ကိုးမရှိတဲ့ န၀င်း ကို ဆိုင်းသံ ဗုံသံမပါ ပေမယ့် အကို တီးပြနိုင်ခဲ့ပါတယ်....

    ကျွန်တော် က ပြိုင်မြင်းတစ်ကောင် ဆိုရင် ကျွန်တော့် ရဲ့  ရှေ့ က နည်းပြကတော့ အကိုဖြစ်နေမှာ သေချာပါတယ်....နေရဲ့  အင်္ကျီ ၀တ်ပြီး ကောင်ကင် အကြွေ ကောက်ပြ တဲ့ အကို့ ကို ကျွန်တော် အမြဲ ဦးညွတ် လျက်ပါ.....

    by zzt

    ReplyDelete